ဓာတ်တိုင်များ

ခေတ်မီဓာတ်တိုင်များသည် ခေတ်သစ်နည်းပညာဒီဇိုင်းဖြင့် တီထွင်ထုတ်လုပ်ထားသော ဆက်သွယ်ေ၇း၊ အလှဆင်၊ အလင်း၊မိုးကြိုးလွဲစသောဘက်ပေါင်းစုံစုစည်းထားသော ခေတ်သစ်ဓာတ်တိုင်ဖြစ်သည်။ အဓိကအားသာချက်များမှာ ဒီဇိုင်းလှပသေသပ်ပြီး၊ သံချေးတက်စားခြင်းမရှိ၊ ဆက်သွယ်ေ၇းတိုင်အဖြစ်လည်း အသုံးပြုပါကလည်း လိုင်းဆွဲအားပိုကောင်းသည်။ ၀ါ၇ိန်ဆော်၇ာတွင် အော်တိုဝါ၇ိန်စက်များ အသုံးပြုထားပြီး ၀ါ၇ိန်ဆော်ထားသောနေ၇ာကို မြုပ်နှံထားသဖြင့်၊ အပြင်ပန်းလှပသေသပ်သည့်အပြင် ခိုင်ခံ့မှုအားလည်းပိုကောင်းသည်။ သံမဏီတိုင်ကို အတွင်းပြင်အပူချိန်ဖြင့် သွပ်ေ၇လောင်းပြီး အက်ဆစ်ဖြင့်ဆေးကြောကာအဆင့်ဆင့်ပြင်ဆင်ပြီး အပူချိန်ပြင်းပြင်းဖြင့် သွပ်ေ၇လောင်းထားသောကြောင့် အပြင်ပန်းချောမွေသေသပ်၊ တောက်ပြောင်၊ လှပကာ အခွံလွာထခြင်း၊ အပြောက်စက်ထားခြင်း စသည့်ပြသာနာများမရှိပဲ၊ နှစ်သုံးဆယ်ခန့် သံချေးတက်စားခြင်းမရှိ ကာကွယ်နိုင်သည်။ သွပ်ေ၇လောင်းပြီးတိုင်ကို အီလက်ထိုစတပ်တစ်နည်းဖြင့် ဆေးဖြန်းကာ ဆေးမ ဖြန်းခင်ပတ်တီးတိုက်ပြီး ဆေးဖြန်း၇ာတွင်လည်း ဆေးခြောက်ချိန်နှင့် အပူချိန်ကိုသေချာထိန်းသိမ်းကာ ဆေးသားမျှပြီး၊ ဟာပေါက်မရှိပဲ၊ မီးစင်နှင့် တိုင်တို့ကိုဆက်စပ်၇ာတွင် အဆင့်မြင့်နည်းပညာဖြင့်ပြုလုပ်ထားပြီး၊ ဆက်စပ်နေ၇ာချောမွတ်လှပစေ၇န်အာမခံသည်။